Friday, August 14, 2009

ကျွန်တော်သိသော java အကြောင်း တစိုးတစိ ..

Java programming language ရဲ့  ဖခင်ကြီးကတော့ sun microsystem မှ James Gosling ပါပဲ.. ၁၉၉၃-၁၉၉၄ ခုနှစ်ဝန်းကျင် လောက်က James Gosling နဲ့ Bill joy တို့ ရဲ့ လမ်းညွန်မှုနဲ့ အစပြုခဲ့တဲ့ java programming language ဟာ Free Software တစ်ခုအဖြစ် ၁၉၉၅ ခုနှစ်မှာ GNU General Public License. နဲ့ တရားဝင် မွေးဖွားလာခဲ့ပါတယ်.. C , C++ မှ syntax (ရေးသားနည်း) မှ ပြုပြင်ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်.. java program တစ်ခု ကို အသုံးပြုနိုင်ဖို့ JVM (java virtual machine) လိုအပ်မှာပါ .. တကယ်တော့ program တစ်ပုဒ်ဆို တာ ကျွန်ပျူတာကို ညွန်ကြားခိုင်းစေဖို့ instruction တွေပဲဖြစ်ပါတယ်.. ကျွန်ပျူတာ တစ်လုံးဟာ electronic device တစ်ခုဖြစ်လို့ သူ့ကိုခိုင်းစေရာမှာ သူနားလည်သော ဘာသာစကားဖြစ်ရမှာပါ .. အဓိက အလုပ်လုပ်တာကတော့ သက်ဆိုင်ရာ အလုပ်လုပ်စေချင်တဲ့ စက်ပစ္စည်းကို power signal ပါဝါ အဖွင့်အပိတ်နဲ့ ခိုင်းစေတာဖြစ်ပါတယ် ..အဲလိုခိုင်းစေ ဖို့ ကျွန်တော်တို့ အနေနဲ့ စက်နားလည်အောင်ပြုလုပ်ပေးခြင်းဟာ power signal ပေးခြင်းပါပဲ ဒါကိုပဲ စက်နားလည်သော ဘာသာစကား (machine language) လို့ခေါ်တာပါ. အဲဒီတော့ တစ်ခါ ပြသနာရှိတာတာက စက်နားလည်ရင်လူနားလည်ဖို ခက်နေပြန်ရော ဒါနဲ့ လူတွေက လူနားလည်သလို program instruction တွေကိုရေးဖို့ လိုအပ်လာပါတယ် .ဒါနဲ့ ပဲ လူနားလည်စေမယ့် simple english ကိုအသုံးပြုထားတဲ့ language တစ်ခုကနေ စက်နားလည်စေမယ့် ဘာသာကိုပြောင်းလဲ ပေးနိုင်မယ့် အကူအညီ ရှိဖို့လိုအပ်လာပါတယ် .. java programming language ဟာ english ဘာသာစကားကနေ စက်ကို ခိုင်းစေနိုင်ဖို့ JVM (java virtual machine) ကနေ ပြောင်းလဲပြီး လူတွေကြို တင်ပြင်ဆင်ထားတဲ့ language ကနေ byte code လို့ ခေါ်တဲ့ JVM နားလည်မယ့် ဘာသာစကားကိုအရင်ပြောင်းလဲ ပြီး JVM မှ စက်နားလည်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်.. ဒါကြောင့် java programming ကိုေ၇းမယ် အသုံးပြုမယ်ဆို၇င် JVM က လိုအပ်မှာပါ.. Java ရဲ့ ထူးခြားချက်ကတော့ JVM သာရှိမယ်ဆို၇င် မတူညီသော operating System (eg window or linux) ပေါ်မှာ JVM version ပြောင်းပေးတာနဲ့ code ကိုထပ်ရေးစရာမလိုပဲ အသုံးပြုနိုင်မှာပါ .. ဒါကိုပဲ java ဟာ multi platform ရတယ်လို့ ပြောကြပါတယ်.. တကယ်တော့ JVM က ဘာသာပြန်တစ်ယောက်လိုပါပဲ .. သူက window operating system အတွက်ဆိုရင် window က နားလည်စေမယ့် အတိုင်းဘာသာပြန်ပေးမှာဖြစ်ပြီး linux အတွက်ဆိုရင်လဲ linux က နားလည်စေမယ့် အတိုင်းဘာသာပြန်ပေးမှာပါ... နောက်ပိုင်းမှာ java ဟာ java ရဲ့ အနာဂါတ်တိုးတက်မှု အတွက်ပူးပေါင်းလုပ်ဆောင်ဖို့ JCP (java community process) အဖွဲ့ကိုဖွဲ့စည်းပြီး တိုးတက်ရေးအတွက် လုပ်ဆောင်လာကြပါတယ်...

စိတ်ကူးထဲ က ရေးမိေ၇းရာ

ကျွန်တော် ခု blog ကို မ၀င်ဖြစ်တာလဲ ကြာပါပြီ .. လက်ရှိကျွန်တော်ကိုယ်တိုင်ရဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ရော .. ကျွန်တော့် ရဲ့ ဆန္ဒ တစ်ခုဖြစ်တဲ့ Grow Up Together ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း လုပ်ဆောင်ချင်လို့ Java နဲ့ ပက်သက်နေတဲ့ ကျွန်တော့်မှတ်စုကို မှတ်တမ်းတင်မှု တစ်ခုအနေနဲ့ ဆက်ရေးဖြစ်သွားတာပါ... မသိသေးတဲ့ သူ တစ်စုံတစ်ယောက်အတွက် အကျိုးကျေးဇူးတစ်ခုခု ဖြစ်မယ်ဆိုရင် ကျွန်တော်ကျေနပ်ရမှာပါ .... ကျွန်တော်အတွက်လဲ online based note တစ်ခု အဖြစ်သိမ်းထားရအောင်ပါ ....

Monday, December 10, 2007

ပဋ္ဌာန်း ပါဋ္ဌိတော်


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဓုဒ္ဓဿ

ပစ္စယုဒ္ဓေသ ပါဋ္ဌိ

ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊

အဓိပတိ ပစ္စယော၊

အနန္တရပစ္စယော ၊ သမနန္တရ ပစ္စယော ၊

သဟဇာတ ပစ္စယော ၊

အညမည ပစ္စယော၊ နိဿယ ပစ္စယော၊

ဥပနိဿယပစ္စယော ၊

ပုရေဇာတ ပစ္စယော ၊ ပစ္ဆာဇာတ ပစ္စယော၊

အာသေ၀နပစ္စယော ၊

ကမ္မ ပစ္စယော ၊ ၀ိပါက ပစ္စယော ၊ အာဟာရ ပစ္စယော ၊

ဣန္ဒြိယပစ္စယော ၊

ဈာန ပစ္စယော ၊ မဂ္ဂ ပစ္စယော ၊ သမ္ပယုတ္တ ပစ္စယော ၊

ဝိပ္ပ ယုတ္တ ပစ္စယော၊

အတ္ထိပစ္စယော ၊ နတ္ထိ ပစ္စယော ၊ ၀ိဂတ ပစ္စယော ၊

အ၀ိကတ ပစ္စယော တိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းပြီး ၏ ။



Saturday, December 8, 2007

မေတ္တသုတ်

ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ

ဘီသနံ ၊ ယဥှိစေ၀ါနုယုဉ္စန္တော ရတ္တိန္ဒိဝ မတန္ဒိတော။


သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဥ္စိ န ပဿတိ။

ဧ၀မာဒိဂုဏူ ပေတံ၊ ပရိတ္တံ တံဘဏာမဟေ ။


ကရဏီယမတ္တ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

သုက္ကော ဥဇူ စ သုဟုဇူ စ။

သုဝစော စဿ မုဒု အနုတိမာနီ။


သန္တုဿကော စ သုဘရောစ ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ

သန္တိန္ဒြိယော စ နိပကော စ၊ အပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။


န စ ခုဒ္ဒ မာစရေ ကိဉ္စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။

သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။


ယေကေစိ ပါဏဘူ တတ္တိ၊ တဿာ ၀ါ ထာဝရာဝ န ၀သေသာ။

ဒီဃာ ၀ါယေ ၀ မဟန္တာ၊မဇ္ဖျိမာ ရဿကာ အဏုကထူလာ။


ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀ဿန္တိ အ၀ိဒူရေ။

ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။


န ပရော ပရံ နိကုဗ္ဗေ ထ၊ နာတိမညေထ ကတ္တစိ နံ ကိဉ္စိ။ ဗျာရောသနာ

ပဋ္ဋိယ သည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။


မာတာ ထထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။

ဧ၀မ္ပိ သဗ္ဖ ဘူတေသု မာနသံ ဘ၀ယေ အပရိမာဏံ။



မေတ္တဉ္စ သဗ္ဗလောက သမိ၊ မာနသံ ဘာသယေ အပရိမာဏံ။

ဥဒ္ဓံ အမော စ တိရိယဏ္စ၊ အသမ္ဖာဓံ အဝေရ မသပတ္တံ။


တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာဝတာ ဿ သိတမိဒ္ဓေါ ။

ဧတံ သတိံ အဓိဋ္ဌေယျ ၊ ဗြဟ္မ မေ တံ ၀ိဟာရ မိဓမာဟု ။


ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္မန္နော ။ ကာမေသု ၀ိနယျဂေ စံ

နဟိ ဇာတုဂၢဗ ၻေသယ် ပုန ရေဟိ ။

မေတ္တ သုတ္တံ နိဋ္ဌိတံ ။

Sunday, December 2, 2007

ကဲ gtalk ကို Idle လုပ်ချင်လား

ကဲမိတ်ဆွေတို့ 10 မိနစ် 15 မိနစ်လောက် နေမှဖြစ်မယ့် Idle ကို စိတ်ကြိုက် လိုသလို ပြောင်းလို့ရတဲ့ ဆော့ဝဲလေးပါ.. သုံးရတာလွယ်ပါတယ်..

Google Talk does not provide built-in functionality to allow you to control your idle status. Your status is your business - so it only makes sense that you should be able to control it.

Always Idle

There are probably times when you'd rather not let people know you're around. gAlwaysIdle allows you to be 'always idle' so you appear away even when you're typing e-mails and sending instant messages.

Never Idle

Similar to 'always idle', there are probably times when you'd rather not let people know you're away from your computer. For those occasions, gAlwaysIdle allows you to be 'never idle' so you appear to be at your computer even when you're far away.


Download here: ဒီမှာယူပါ

Saturday, December 1, 2007

မင်းဘိသိက်ခံ ဘုရားရှိခိုး

မဟာမြိုင်ဆရာတော်

အစိန္တေယျ အပ္ပမေယျ ဇေဠ သေဠ
အနန္တကံ အနန္တဥာဏ်
အနန္တ ဘုန်းလျှံ အနန္တတန်ခိုးဈာန်
ဖြိုးဖြိုး လျှံကြွ ၀ိုင်းရံခဖြင့်
နှိုင်းမရတူ ဘက်မပြူကြောင့်...။

လူအမင်းမင်း နတ်မင်းမကွာ
ဗြဟ္မာမကြွင်း အမင်းမင်းတို့
ဝပ်စင်းကော်ရော် ဖူးမျှော်မာန်ချ ဦးခိုက်ရသည့်
သကျနွယ်ဖွား ရှင်တော်မြတ်ဘုရား။

ရှင်ပင်ဘုရား စိုးပိုင်ထားသော
တရားမကိုဋ် မင်းယဉ်ပိုက်၏
အရိုက်အရာ ဆက်ခံသာဖို့
အာဏာတော်စု မိန့်ခွင့်ပြုသည့်
ဓာတုဓမ္မ ဥဒ္ဓိဿနှင့်
ဘောကသညီ မွေသရီတို့
ကိန်းတည်နာမ်ချဉ်း ဓာတ်သက်နှင်းကြောင့်
မင်းဘိသိက်ခံ နာမံထင်ရှား ရှင့်ကိုယ်ပွားအား
ကျွန်ကား ခိုလှုံ ဆယ်ဖြာရုံလျက်
ဆယ်စုံဒါန ဆယ်သီလဖြင့်
ဦးချမာန်ခွာ ကန်တော့ပါ၏။

တစ်ဖြာပိုင်းခြား တွဲဘက်အားဖြင့်
ဆပွားကြည်ယုံ သဒ္ဓါထုံလျက်
ဆယ်စုံဒါန ဆယ်ဝရသို့
စိတ်မှမကွာ ဆုပန်ပါ၏။

ဆယ်ဖြာအထု ဤကောင်းမှုဖြင့်
တောင်းဆုမွေခံ မြတ်ဆုပန်ကား...
ကြံတိုင်းလျှင်အောင် ဆောင်တိုင်းလျှင်ပြီး
ဆောင်းရွှေထီးဖြင့်
ပြည်ကြီး နိဗ္ဗာန် သိသိက်ခံသည်
စိတ်ကြံလျှင်ဆော ပြည့်စေသော
သဗ္ဗညု မြတ်ရှင်စော သြကာသ သြကာသ...။


မဟာမြိုင်ဆရာတော်

≈≈မင်းဘိသိက်ခံ ဂါထာတော်≈≈

ပဉ္စမာရေ ဇယေ ဇေဋ္ဌံ
ဒမေ မေတ္တံစ သေနိယော
ဧဒိသော ဝေဒိတော လောကံ
မံဓါယေတု မင်းဘိသိက်ခံ

အနက်...
ယော- အကြင်မြတ်ဘုရားမြတ်သည်၊
ပဉ္စမာရေ - ဒေ၀ပုတ္တ စသည်အပြား မာရ်ငါးပါးကို၊
ဇယေ - အောင်နိုင်တော်မူခြင်းကြောင့်၊
ဇေဋ္ဌံ - လောကတွင် အမြတ်ဆုံး အကြီးဆုံးတည်း။
မင်းဘိသိက်ခံ - လောကသုံးပါးတို့ ၏ ဦးအတိုက်ခံ မင်းအမှန်တည်း။
သေနိံ - လာရောက်တိုက်ခိုက်ရန်စစ်သည် အမိုက်အားလုံးကိုလည်း၊
မေတ္တံစ - ဓားလှံမဖက် မေတ္တာတော်သက်သက်ဖြင့်သာ ၊
ဒမေ - မီးလျှင်ရေသည်းနှိပ်နယ်နည်း ဖြင့် ယဉ်ကျေးစွာ ဆုံးမတော်မူတတ်သောကြောင့်လည်း။
ဇေဋ္ဌံ - လောကတွင် အမြတ်ဆုံးအကြီးမားဆုံးတည်း..
မင်းဘိသိက်ခံ - အောင်သူတကာတို့၏ ထိပ် ဘိသိက်ခံခြင်းတည်း။
လောကံ -လောကသုံးပါး ရှိရှိသမျှဝေနေယျ အစားစားများကိုလည်း၊
ဧဒိသော -ကိုယ်တော်နှင့်မခြား အလားတူစွာ၊
ဝေဒိတော -ကံကျိုး ၊ ဈာန်ကျိုး ၊ ဥာဏ်အကျိုးနှင့် တန်ခိုးတေဇ ကျိုးဖလကို မျှတ, တစေ ခံစားစေတော်မူပါ၏ ။
သော -ထိုဘုရားမြတ်သည်၊
မံ -လောကဘုံရိပ် ဦးကင်းထိပ်ဝယ် ဘိသိက်ခံလိုစံစားလိုသော အကျွန်ုပ်ကို(၀ါ)လောက ထိပ်တင် ဦးထိပ်ပြင် ၌ ဘုရင်ဖြစ်လို မင်းဖြစ်လိုငြား အကျွန်ုပ်အား၊
မင်းဘိသိက်ခံ - ရေစင်သွန်းဖိတ် မှတ်တံဆိပ်ဖြင့် ခတ်နှိပ် ဖွဲ့မှန် မင်းဘိသိက်ခံ အဖြစ်သို့ (၀ါ) မှန်းရာကိစ္စ ဒိဋ္ဌအောင်မြင် အောင်ပွဲဆင်အဖြစ်သို့၊
ဓာရေတု - တန်ခိုးတော်ဟုန် ဘုန်းတော်စုံဖြင့် လွှမ်းခြုံကူထောက် ချီးမြှောက်ပေးသနားတော်မူပါ ဘုရား...။
(မဟာမြိုင်ဆရာတော်)

Monday, September 24, 2007

ကျွန်တော် နှင့်  Chaos အတွေးများ

ယခုမျက်မှောက်ခေတ်အခြေအနေအရ နည်းပညာများသည် အနောက်မှအရှေ့ သို့ စီးဆင်းလျက်ရှိသည်..ဘာများကွာခြားနေပါသနည်း ? လိပ်ပြာတစ်ကောင်တောင်ပံခတ်မှု တစ်ခုဟာ မိုးလေ၀သခန့်မှန်းမှုကို အကြီးအကျယ်ပြောင်းလဲစေနိုင်တယ်ဆိုရင် လူတစ်ယောက်ရဲ့  နုစဉ်ကတည်းက ပညာရေးကွာခြားမှုကကော အကြီးအကျယ်ပြောင်းလဲမှုဖြစ်စေမလား ? ဟုတ်တယ် .. ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ Linear ဖြစ်စဉ် ကနေဖောက်ထွက်ပြီး ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာ ကို တွေးဖို့လိုအပ်နေပါပြီ .. လူတိုင်း အတွက် mindset (habitual way of thinking) ထူထောင်ဖို့လိုအပ်နေပါပြီ ..သူများကို အပြစ်တင် ဝေဖန်နေမယ့်အစား ဖြစ်လာသမျှရဲ့  ကောင်းကွက်ဆိုးကွက်တွေကို Review and Fix လုပ်တတ်ဖို့လိုအပ်နေပါပြီ .. မျက်မှောက်ခေတ်မှာ နည်းပညာတိုးတက်မှု အရှိန်အဟုန်ကြောင့် ဘယ်နေရာမှ မဆိုနည်းပညာ များကို အလွယ်တကူသင်ယူနိုင်နေပါပြီ. ရှုပ်ထွေးမှု များရဲ့  အစဟာ အသေးဆုံး ကစတာပါ.. မိမိလက်လှမ်းမီသလောက် သေးသေးလေးတွေကို စုစည်းပြီး တတ်နိုင်တဲ့ဘက်က စိတ်ဓါတ်မကျဘဲ သတိမူလုပ်ကိုင်နေပါက လိပ်ပြာတစ်ကောင်တောင်ပံခတ်ဘိသကဲ့ သို့ ကြီးမားပြင်းထန်သော ပညာမုန်တိုင်းတိုက်ခတ်နိုင်မှာပါ ...... တွေးမိတွေးရာရေးမိရေးရာပါ ...

Sunday, September 23, 2007

ပတ္တနိက္ကုဇ္ဇန ကံ ဆောင်ခြင်း အကြောင်းများ

ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပသကာ အား သပိတ်မှောက် ရမည်။
(၁) ရဟန်း တို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏၊
(၂) ရဟန်း တို့အား အကျိုးမဲပစိမ့်သောငှာ အားထုတ်၏၊
(၃) ရဟန်း တို့အား နေရာမရစိမ့်သောငှာ အားထုတ်၏၊
(၄) ရဟန်း တို့အား ဆဲရေး၏ ခြိမ်းခြောက်၏၊
(၅) ရဟန်း အချင်းချင်း ကွဲပြားစေ၏၊
(၆) မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကိုပြော၏ ၊
(၇) တရား၏ ကျေးဇူးမဲ့ကို ပြော၏၊
(၈) သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏၊
ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပသကာ အား သပိတ်မှောက် ခြင်းငှာ ခွင့်ပြု၏၊

စူဌ၀ဂ္ဂပါဌိ- စာမျက်နှာ ၂၆၃ - စာပိုဒ် ၂၆၆

ကျွန်တော်နှင့်အတိတ်သို့ရွက်လွင့်ခြင်း သို့မဟုတ် လွမ်းဆွတ်မှု

အဖေ .. အတိတ်အကြောင်းကိုပြောရရင် ကျွန်တော့်အဖေမပါလို့မဖြစ်ဘူး. ကျွန်တော်ပြန်ပြုစုခွင့်မရပဲသေမင်းက မျက်စိကျသွားတဲအဖေဟာ ကျွန်တော်တို့ကို စောစီးစွာပဲခွဲခွာသွားခဲ့ပါတယ်.. အော်သေမင်းကအရည်အချင်းရှိ သူတွေကိုမှ သဘောကျတယ်ထင်ပါ့ ... ကောင်းတာတွေကိုပဲဖြစ်စေချင်တဲ့အဖေကြောင့် ကျွန်တော်ဟာလိုတိုင်းတ ရခဲ့ပါတယ်... တင်းကြပ်တဲ့စည်းကမ်းအောက်မှာ မွန်းကြပ်ခဲ့ပေမယ့် အခုတော့ အဲဒီစည်းကမ်းတွေကိုကိုယ် ကိုယ်တိုင်ပဲ ပြန်တင်းကြပ်နေရပြီ... စာကျက်တိုင်း အဖေက ငါသားဒီနေ့ နှစ်နာရီ ကျက်ရမယ်ဆို ပျင်းရိ စိတ်ညစ်စွာနဲ့ လိုက်နာခဲ့တဲ့ကျွန်တော်ဟာ အခုတော့ ခရီးမပေါက်ပဲလမ်းပျောက်နေခဲ့ပြီ.. အခုပစ္စုပ္ပန်မှာတော့ အတိတ်ရဲ့  အေးချမ်းမှုကို နားလည်နိုင်ခဲ့ပါပြီ .. အခုအချိန်မှာ ကျွန်တော်ဟာလောကအလယ်မှာ အလိုမကျမှု ..အားမရမှု .. ဟန်ဆောင်မှုတွေနဲ့  အတူ မောပန်းနေပါပြီ .. ဘယ်အရာကိုပဲလုပ်လုပ်အထနှေးတဲ့ ကျွန်တော်ဟာ အောင်မြင်မှုနဲ့ အလှမ်းကွာ ရှုံးနိမ့်နေဆဲ ပါ..အခုတော့ ကျွန်တော်ဟာ အတိတ်ကိုလွမ်းဆွတ်ရင်း မဆုံးနိုင်သေးတဲ့ အနာဂါတ်အတွက် ချီတက်ဖို့ အားယူနေဆဲပေါ့ .....အဖေ့အတွက် ပြန်လည် ပေးဆပ်ခွင့်မရှိတော့တဲ့ ဘ၀မှာ ၀မ်းနည်း ရင်း ကျွန်တော်လုပ်နိုင်တာတစ်ခုက .......... အဖေ့မျိုးဆက်ဟာ ဘယ်လိုလဲဆိုတာသက်သေပြနိုင်ဖို့ တာဝန်ယူရုံပဲ ရှိတာပေါ့ .... လွမ်းဆွတ်မှုများနှင့် အဖေကောင်းရာမွန်ရာရောက်ပါစေ .........

Saturday, September 22, 2007

ကျွန်တော် နှင့် မျဉ်းပြိုင် သီအိုရီ

မျဉ်းပြိုင်နှစ်ကြောင်းဟာ ဆုံတွေ့ဖို့အကြောင်းမရှိပါဘူး တကယ်လို့ ဆုံတွေ့ခဲ့ရင်တောင် ဆုံမှတ်တစ်ခု မှာပဲ ခဏလေးဆုံမှာပါ..
ရေစက်တစ်ခု အစပြုလို့
တွေ့ကြုံဆုံရ တခဏမှာ
ချစ်ဖြင်းမေတ္တာမဖွေရှာလည်း
နှလုံးအိမ်အပေါက်သော့ကျိုးပျောက်လို့
ဝင်ရောက်ခဲ့ပြီ။

မာနတစ်ခု အစပြုလို့ ၀င်္ကပါလမ်းပေါက်ရိုက်ချိုးဖောက်လို့
ထွက်လာခဲ့တယ်...
အချိန်သမား မြန်ကုစားလို့ ပျောက်ကင်းခဲ့ပေမယ့်
ရင်းနှီးခဲ့ရတာတွေတော့ရှိတာပေါ့ ..
ဆုံမှတ်တစ်ခုကိုတော့ ဖြတ်ကျော်ခဲ့ပြီ ။
နောက်ဆုံးတော့လဲ မျဉ်းပြိုင်နှစ်ကြောင်းပါပဲ..

လာတုန်းကလဲ တစ်ယောက်တည်း ပြန်တော့လဲတစ်ယောက်တည်းပါ....
ကဲ ဘာများ စဉ်းစားဝမ်းနည်းနေဦးမလဲ ..?


ကျွန်တော် နှင့် စိုးရိမ်စိတ်

ကြည်ညိုလိုက်တာဗျာ.. တွေ့လိုက်ရတဲ့မြင်ကွင်းက မြန်မာပြည်ဆိုတာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဆိုတာ ပြောစရာမလိုတဲ့ ပြယုဒ်ကိုး ဗျ.. သံဃာတွေ တန်းစီပြီး မေတ္တာပို့နေကြတာ .မိုးရေထဲတောင် ၀တ္တရားမပျက်ဘူးဗျာ ..ကျွန်တော်နည်းနည်းတော့ စိုးရိမ်မိတယ် သံဃာတော်တွေ ဖျားမှာစိုးတာရယ် ခွေးဆွဲမှာ စိုးတာရယ်ပါ.. အော်ဒါနဲ့ပြောရဦးမယ် လုံခြုံရေးတွေကလဲ စိုးရိမ်ကြဟန်တူတယ် ဗျာ . တကောက်ကောက်ကို လိုက်နေကြတာ ...အမှန်က မလိုဘူးဗျ မေတ္တာသုတ်ထက်စွမ်းဦးမှာလားဗျာ .. ကျွန်တော်တစ်ခုတော့သိလိုက်တယ်.. အော် ဒါမြန်မာပြည်ကိုး ပေါ့ ....

ကျွန်တော်နှင့်အင်တာနက်

အင်တာနက် . ဟုတ်တယ် အဲဒီစကားလုံးကိုကြားခါစက မဆိုင်ခဲ့သလိုပဲ အခုလောက်ထိစိတ်ညစ်စရာတွေသယ်လာလိမ့်မယ်လို့မထင်ခဲ့မိဘူး...ဟုတ်တယ်ဗျာ တကယ်ပဲ ကျွန်တော်ကစိတ်ညစ်တာလဲမပြောနဲ့ ကျွန်တော်လုပ်နေတဲ့အလုပ်ကိုက အင်တာနက်ကိုမပိုင်ပဲ ရောင်းစားနေရတဲ့သူကိုးဗျ... ပွဲစားပေါ့ဗျာ.. ခက်တာကပွဲစားထဲမှာတော့ ရိတ်လို့မရတဲ့ ခပ်မွဲမွဲ ပွဲစားပေါ့ဗျာ.. အဲကျွန်တော့လုပ်ငန်းက မြှားနတ်မောင်လုပ်ငန်းဆိုလဲမမှားဘူးဗျ.. ချစ်သူတွေဆုံအောင်လုပ်ပေးရတာ.. ကုသိုလ်တော့ရတာပေါ့ ခက်တာက ကုသိုလ်က အခုထိအကျိုးမပေးသေးဘူးဗျာ .. ကဲဒါဆိုကျွန်တော် ဘာအလုပ်လုပ်လဲဆိုတာကို သိမှာပါ.. ဒါနဲ့စကားမစပ်ကြော်ငြာတာတော့မဟုတ်ဘူးဗျ .. ကျွန်တော့နှလုံးသားက အခုထိ ဆီမရှိလို့မမောင်းနိုင်သေးဘူးဗျာ အဲတော့ လူပျိုလူလွတ်စစ်စစ်နော်.........

ကဲကဲ အပျင်းပြေ ဂိမ်းကစားလိုက်ဦး






Message:

Difficulty:


ပြောချင်တာသာ ပြောခဲ့ကြပါ