Sunday, September 23, 2007

ကျွန်တော်နှင့်အတိတ်သို့ရွက်လွင့်ခြင်း သို့မဟုတ် လွမ်းဆွတ်မှု

အဖေ .. အတိတ်အကြောင်းကိုပြောရရင် ကျွန်တော့်အဖေမပါလို့မဖြစ်ဘူး. ကျွန်တော်ပြန်ပြုစုခွင့်မရပဲသေမင်းက မျက်စိကျသွားတဲအဖေဟာ ကျွန်တော်တို့ကို စောစီးစွာပဲခွဲခွာသွားခဲ့ပါတယ်.. အော်သေမင်းကအရည်အချင်းရှိ သူတွေကိုမှ သဘောကျတယ်ထင်ပါ့ ... ကောင်းတာတွေကိုပဲဖြစ်စေချင်တဲ့အဖေကြောင့် ကျွန်တော်ဟာလိုတိုင်းတ ရခဲ့ပါတယ်... တင်းကြပ်တဲ့စည်းကမ်းအောက်မှာ မွန်းကြပ်ခဲ့ပေမယ့် အခုတော့ အဲဒီစည်းကမ်းတွေကိုကိုယ် ကိုယ်တိုင်ပဲ ပြန်တင်းကြပ်နေရပြီ... စာကျက်တိုင်း အဖေက ငါသားဒီနေ့ နှစ်နာရီ ကျက်ရမယ်ဆို ပျင်းရိ စိတ်ညစ်စွာနဲ့ လိုက်နာခဲ့တဲ့ကျွန်တော်ဟာ အခုတော့ ခရီးမပေါက်ပဲလမ်းပျောက်နေခဲ့ပြီ.. အခုပစ္စုပ္ပန်မှာတော့ အတိတ်ရဲ့  အေးချမ်းမှုကို နားလည်နိုင်ခဲ့ပါပြီ .. အခုအချိန်မှာ ကျွန်တော်ဟာလောကအလယ်မှာ အလိုမကျမှု ..အားမရမှု .. ဟန်ဆောင်မှုတွေနဲ့  အတူ မောပန်းနေပါပြီ .. ဘယ်အရာကိုပဲလုပ်လုပ်အထနှေးတဲ့ ကျွန်တော်ဟာ အောင်မြင်မှုနဲ့ အလှမ်းကွာ ရှုံးနိမ့်နေဆဲ ပါ..အခုတော့ ကျွန်တော်ဟာ အတိတ်ကိုလွမ်းဆွတ်ရင်း မဆုံးနိုင်သေးတဲ့ အနာဂါတ်အတွက် ချီတက်ဖို့ အားယူနေဆဲပေါ့ .....အဖေ့အတွက် ပြန်လည် ပေးဆပ်ခွင့်မရှိတော့တဲ့ ဘ၀မှာ ၀မ်းနည်း ရင်း ကျွန်တော်လုပ်နိုင်တာတစ်ခုက .......... အဖေ့မျိုးဆက်ဟာ ဘယ်လိုလဲဆိုတာသက်သေပြနိုင်ဖို့ တာဝန်ယူရုံပဲ ရှိတာပေါ့ .... လွမ်းဆွတ်မှုများနှင့် အဖေကောင်းရာမွန်ရာရောက်ပါစေ .........

1 comment:

Unknown said...

လူပင်ပန်း စိတ်ရောနွမ်းလို့ စိတ်အေးချမ်းစွာ အပူအပင်မဲ့ အိပ်စက်ခွင့်မရသေးခင် ဖြစ်လာတဲ့အိပ်ငိုက်ခြင်းဆိုတာနဲ့ အချစ်ကို နှိုင်းယှဉ်နားလည်နေခဲ့ရင် အဲဒီအချစ်ဟာ စစ်မှန်တဲ့ မေတ္တာမဟုတ်သေးလို့ ပဲ မြင်ပါတယ်။ တကယ်စစ်မှန်တဲ့ အချစ်မေတ္တာမှာ ပူပင်စရာမရှိပါဘူး။ သ၀န်တိုခြင်းတွေလဲ ကင်းတယ်။ တယောက်ကိုတယောက် ဘာနဲ့မှ ချုပ်နှောင်ထားခြင်းမရှိ။ နားလည်မှုတွေ အပြန်အလှန်ဖေးမမှုတွေ နဲ့ ပြည့်ဝနေတယ်။ အရမ်းကို အေးချမ်းပြီး စိတ်လွတ်လက်လွတ် အနားယူနိုင်တဲ့ ဘ၀ရဲ့ အရိပ်စစ်လေးတခုပါ။
တခုတော့ မေးစရာလေးရှိလာပါတယ်။ အဲဒီလို မေတ္တာအစစ်အမှန်ကို ဘယ်လိုနေရာမျိုးမှာ ဘယ်လိုလူမျိုးဆီက ရနိုင်ပါသလဲ။ တယောက်နဲ့ တယောက် အမြင်ချင်းတော့ မတူနိုင်ဘူးပေါ့။ နှစ်ပေါင်း ၂၀ကျော် ကိုယ်တိုင် ဖြတ်သန်းလာတဲ့ တလျှောက်မှာတော့ ဗုဒ္ဓတရားရိပ်မှတပါး ဘယ်နေရာမှ ရှာမတွေ့ ခဲ့ပါဘူး။
ဒါပေမဲ့လဲ တာဝန်ဝတ္တရားတွေ လူ့ လောကီတွေ မစွန့် လွတ်နိုင်သရွေ့ ဘယ်လောက်များ ဆက်လက် ပင်ပန်းကြီးစွာ အိပ်ငိုက်နေရပါဦးမှာပါလဲ။

ကဲကဲ အပျင်းပြေ ဂိမ်းကစားလိုက်ဦး






Message:

Difficulty:


ပြောချင်တာသာ ပြောခဲ့ကြပါ