Friday, August 14, 2009

ကျွန်တော်သိသော java အကြောင်း တစိုးတစိ ..

Java programming language ရဲ့  ဖခင်ကြီးကတော့ sun microsystem မှ James Gosling ပါပဲ.. ၁၉၉၃-၁၉၉၄ ခုနှစ်ဝန်းကျင် လောက်က James Gosling နဲ့ Bill joy တို့ ရဲ့ လမ်းညွန်မှုနဲ့ အစပြုခဲ့တဲ့ java programming language ဟာ Free Software တစ်ခုအဖြစ် ၁၉၉၅ ခုနှစ်မှာ GNU General Public License. နဲ့ တရားဝင် မွေးဖွားလာခဲ့ပါတယ်.. C , C++ မှ syntax (ရေးသားနည်း) မှ ပြုပြင်ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်.. java program တစ်ခု ကို အသုံးပြုနိုင်ဖို့ JVM (java virtual machine) လိုအပ်မှာပါ .. တကယ်တော့ program တစ်ပုဒ်ဆို တာ ကျွန်ပျူတာကို ညွန်ကြားခိုင်းစေဖို့ instruction တွေပဲဖြစ်ပါတယ်.. ကျွန်ပျူတာ တစ်လုံးဟာ electronic device တစ်ခုဖြစ်လို့ သူ့ကိုခိုင်းစေရာမှာ သူနားလည်သော ဘာသာစကားဖြစ်ရမှာပါ .. အဓိက အလုပ်လုပ်တာကတော့ သက်ဆိုင်ရာ အလုပ်လုပ်စေချင်တဲ့ စက်ပစ္စည်းကို power signal ပါဝါ အဖွင့်အပိတ်နဲ့ ခိုင်းစေတာဖြစ်ပါတယ် ..အဲလိုခိုင်းစေ ဖို့ ကျွန်တော်တို့ အနေနဲ့ စက်နားလည်အောင်ပြုလုပ်ပေးခြင်းဟာ power signal ပေးခြင်းပါပဲ ဒါကိုပဲ စက်နားလည်သော ဘာသာစကား (machine language) လို့ခေါ်တာပါ. အဲဒီတော့ တစ်ခါ ပြသနာရှိတာတာက စက်နားလည်ရင်လူနားလည်ဖို ခက်နေပြန်ရော ဒါနဲ့ လူတွေက လူနားလည်သလို program instruction တွေကိုရေးဖို့ လိုအပ်လာပါတယ် .ဒါနဲ့ ပဲ လူနားလည်စေမယ့် simple english ကိုအသုံးပြုထားတဲ့ language တစ်ခုကနေ စက်နားလည်စေမယ့် ဘာသာကိုပြောင်းလဲ ပေးနိုင်မယ့် အကူအညီ ရှိဖို့လိုအပ်လာပါတယ် .. java programming language ဟာ english ဘာသာစကားကနေ စက်ကို ခိုင်းစေနိုင်ဖို့ JVM (java virtual machine) ကနေ ပြောင်းလဲပြီး လူတွေကြို တင်ပြင်ဆင်ထားတဲ့ language ကနေ byte code လို့ ခေါ်တဲ့ JVM နားလည်မယ့် ဘာသာစကားကိုအရင်ပြောင်းလဲ ပြီး JVM မှ စက်နားလည်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်.. ဒါကြောင့် java programming ကိုေ၇းမယ် အသုံးပြုမယ်ဆို၇င် JVM က လိုအပ်မှာပါ.. Java ရဲ့ ထူးခြားချက်ကတော့ JVM သာရှိမယ်ဆို၇င် မတူညီသော operating System (eg window or linux) ပေါ်မှာ JVM version ပြောင်းပေးတာနဲ့ code ကိုထပ်ရေးစရာမလိုပဲ အသုံးပြုနိုင်မှာပါ .. ဒါကိုပဲ java ဟာ multi platform ရတယ်လို့ ပြောကြပါတယ်.. တကယ်တော့ JVM က ဘာသာပြန်တစ်ယောက်လိုပါပဲ .. သူက window operating system အတွက်ဆိုရင် window က နားလည်စေမယ့် အတိုင်းဘာသာပြန်ပေးမှာဖြစ်ပြီး linux အတွက်ဆိုရင်လဲ linux က နားလည်စေမယ့် အတိုင်းဘာသာပြန်ပေးမှာပါ... နောက်ပိုင်းမှာ java ဟာ java ရဲ့ အနာဂါတ်တိုးတက်မှု အတွက်ပူးပေါင်းလုပ်ဆောင်ဖို့ JCP (java community process) အဖွဲ့ကိုဖွဲ့စည်းပြီး တိုးတက်ရေးအတွက် လုပ်ဆောင်လာကြပါတယ်...

စိတ်ကူးထဲ က ရေးမိေ၇းရာ

ကျွန်တော် ခု blog ကို မ၀င်ဖြစ်တာလဲ ကြာပါပြီ .. လက်ရှိကျွန်တော်ကိုယ်တိုင်ရဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ရော .. ကျွန်တော့် ရဲ့ ဆန္ဒ တစ်ခုဖြစ်တဲ့ Grow Up Together ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း လုပ်ဆောင်ချင်လို့ Java နဲ့ ပက်သက်နေတဲ့ ကျွန်တော့်မှတ်စုကို မှတ်တမ်းတင်မှု တစ်ခုအနေနဲ့ ဆက်ရေးဖြစ်သွားတာပါ... မသိသေးတဲ့ သူ တစ်စုံတစ်ယောက်အတွက် အကျိုးကျေးဇူးတစ်ခုခု ဖြစ်မယ်ဆိုရင် ကျွန်တော်ကျေနပ်ရမှာပါ .... ကျွန်တော်အတွက်လဲ online based note တစ်ခု အဖြစ်သိမ်းထားရအောင်ပါ ....

Monday, December 10, 2007

ပဋ္ဌာန်း ပါဋ္ဌိတော်


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဓုဒ္ဓဿ

ပစ္စယုဒ္ဓေသ ပါဋ္ဌိ

ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊

အဓိပတိ ပစ္စယော၊

အနန္တရပစ္စယော ၊ သမနန္တရ ပစ္စယော ၊

သဟဇာတ ပစ္စယော ၊

အညမည ပစ္စယော၊ နိဿယ ပစ္စယော၊

ဥပနိဿယပစ္စယော ၊

ပုရေဇာတ ပစ္စယော ၊ ပစ္ဆာဇာတ ပစ္စယော၊

အာသေ၀နပစ္စယော ၊

ကမ္မ ပစ္စယော ၊ ၀ိပါက ပစ္စယော ၊ အာဟာရ ပစ္စယော ၊

ဣန္ဒြိယပစ္စယော ၊

ဈာန ပစ္စယော ၊ မဂ္ဂ ပစ္စယော ၊ သမ္ပယုတ္တ ပစ္စယော ၊

ဝိပ္ပ ယုတ္တ ပစ္စယော၊

အတ္ထိပစ္စယော ၊ နတ္ထိ ပစ္စယော ၊ ၀ိဂတ ပစ္စယော ၊

အ၀ိကတ ပစ္စယော တိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းပြီး ၏ ။



Saturday, December 8, 2007

မေတ္တသုတ်

ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ

ဘီသနံ ၊ ယဥှိစေ၀ါနုယုဉ္စန္တော ရတ္တိန္ဒိဝ မတန္ဒိတော။


သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဥ္စိ န ပဿတိ။

ဧ၀မာဒိဂုဏူ ပေတံ၊ ပရိတ္တံ တံဘဏာမဟေ ။


ကရဏီယမတ္တ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

သုက္ကော ဥဇူ စ သုဟုဇူ စ။

သုဝစော စဿ မုဒု အနုတိမာနီ။


သန္တုဿကော စ သုဘရောစ ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ

သန္တိန္ဒြိယော စ နိပကော စ၊ အပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။


န စ ခုဒ္ဒ မာစရေ ကိဉ္စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။

သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။


ယေကေစိ ပါဏဘူ တတ္တိ၊ တဿာ ၀ါ ထာဝရာဝ န ၀သေသာ။

ဒီဃာ ၀ါယေ ၀ မဟန္တာ၊မဇ္ဖျိမာ ရဿကာ အဏုကထူလာ။


ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀ဿန္တိ အ၀ိဒူရေ။

ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။


န ပရော ပရံ နိကုဗ္ဗေ ထ၊ နာတိမညေထ ကတ္တစိ နံ ကိဉ္စိ။ ဗျာရောသနာ

ပဋ္ဋိယ သည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။


မာတာ ထထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။

ဧ၀မ္ပိ သဗ္ဖ ဘူတေသု မာနသံ ဘ၀ယေ အပရိမာဏံ။



မေတ္တဉ္စ သဗ္ဗလောက သမိ၊ မာနသံ ဘာသယေ အပရိမာဏံ။

ဥဒ္ဓံ အမော စ တိရိယဏ္စ၊ အသမ္ဖာဓံ အဝေရ မသပတ္တံ။


တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာဝတာ ဿ သိတမိဒ္ဓေါ ။

ဧတံ သတိံ အဓိဋ္ဌေယျ ၊ ဗြဟ္မ မေ တံ ၀ိဟာရ မိဓမာဟု ။


ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္မန္နော ။ ကာမေသု ၀ိနယျဂေ စံ

နဟိ ဇာတုဂၢဗ ၻေသယ် ပုန ရေဟိ ။

မေတ္တ သုတ္တံ နိဋ္ဌိတံ ။

Sunday, December 2, 2007

ကဲ gtalk ကို Idle လုပ်ချင်လား

ကဲမိတ်ဆွေတို့ 10 မိနစ် 15 မိနစ်လောက် နေမှဖြစ်မယ့် Idle ကို စိတ်ကြိုက် လိုသလို ပြောင်းလို့ရတဲ့ ဆော့ဝဲလေးပါ.. သုံးရတာလွယ်ပါတယ်..

Google Talk does not provide built-in functionality to allow you to control your idle status. Your status is your business - so it only makes sense that you should be able to control it.

Always Idle

There are probably times when you'd rather not let people know you're around. gAlwaysIdle allows you to be 'always idle' so you appear away even when you're typing e-mails and sending instant messages.

Never Idle

Similar to 'always idle', there are probably times when you'd rather not let people know you're away from your computer. For those occasions, gAlwaysIdle allows you to be 'never idle' so you appear to be at your computer even when you're far away.


Download here: ဒီမှာယူပါ

Saturday, December 1, 2007

မင်းဘိသိက်ခံ ဘုရားရှိခိုး

မဟာမြိုင်ဆရာတော်

အစိန္တေယျ အပ္ပမေယျ ဇေဠ သေဠ
အနန္တကံ အနန္တဥာဏ်
အနန္တ ဘုန်းလျှံ အနန္တတန်ခိုးဈာန်
ဖြိုးဖြိုး လျှံကြွ ၀ိုင်းရံခဖြင့်
နှိုင်းမရတူ ဘက်မပြူကြောင့်...။

လူအမင်းမင်း နတ်မင်းမကွာ
ဗြဟ္မာမကြွင်း အမင်းမင်းတို့
ဝပ်စင်းကော်ရော် ဖူးမျှော်မာန်ချ ဦးခိုက်ရသည့်
သကျနွယ်ဖွား ရှင်တော်မြတ်ဘုရား။

ရှင်ပင်ဘုရား စိုးပိုင်ထားသော
တရားမကိုဋ် မင်းယဉ်ပိုက်၏
အရိုက်အရာ ဆက်ခံသာဖို့
အာဏာတော်စု မိန့်ခွင့်ပြုသည့်
ဓာတုဓမ္မ ဥဒ္ဓိဿနှင့်
ဘောကသညီ မွေသရီတို့
ကိန်းတည်နာမ်ချဉ်း ဓာတ်သက်နှင်းကြောင့်
မင်းဘိသိက်ခံ နာမံထင်ရှား ရှင့်ကိုယ်ပွားအား
ကျွန်ကား ခိုလှုံ ဆယ်ဖြာရုံလျက်
ဆယ်စုံဒါန ဆယ်သီလဖြင့်
ဦးချမာန်ခွာ ကန်တော့ပါ၏။

တစ်ဖြာပိုင်းခြား တွဲဘက်အားဖြင့်
ဆပွားကြည်ယုံ သဒ္ဓါထုံလျက်
ဆယ်စုံဒါန ဆယ်ဝရသို့
စိတ်မှမကွာ ဆုပန်ပါ၏။

ဆယ်ဖြာအထု ဤကောင်းမှုဖြင့်
တောင်းဆုမွေခံ မြတ်ဆုပန်ကား...
ကြံတိုင်းလျှင်အောင် ဆောင်တိုင်းလျှင်ပြီး
ဆောင်းရွှေထီးဖြင့်
ပြည်ကြီး နိဗ္ဗာန် သိသိက်ခံသည်
စိတ်ကြံလျှင်ဆော ပြည့်စေသော
သဗ္ဗညု မြတ်ရှင်စော သြကာသ သြကာသ...။


မဟာမြိုင်ဆရာတော်

≈≈မင်းဘိသိက်ခံ ဂါထာတော်≈≈

ပဉ္စမာရေ ဇယေ ဇေဋ္ဌံ
ဒမေ မေတ္တံစ သေနိယော
ဧဒိသော ဝေဒိတော လောကံ
မံဓါယေတု မင်းဘိသိက်ခံ

အနက်...
ယော- အကြင်မြတ်ဘုရားမြတ်သည်၊
ပဉ္စမာရေ - ဒေ၀ပုတ္တ စသည်အပြား မာရ်ငါးပါးကို၊
ဇယေ - အောင်နိုင်တော်မူခြင်းကြောင့်၊
ဇေဋ္ဌံ - လောကတွင် အမြတ်ဆုံး အကြီးဆုံးတည်း။
မင်းဘိသိက်ခံ - လောကသုံးပါးတို့ ၏ ဦးအတိုက်ခံ မင်းအမှန်တည်း။
သေနိံ - လာရောက်တိုက်ခိုက်ရန်စစ်သည် အမိုက်အားလုံးကိုလည်း၊
မေတ္တံစ - ဓားလှံမဖက် မေတ္တာတော်သက်သက်ဖြင့်သာ ၊
ဒမေ - မီးလျှင်ရေသည်းနှိပ်နယ်နည်း ဖြင့် ယဉ်ကျေးစွာ ဆုံးမတော်မူတတ်သောကြောင့်လည်း။
ဇေဋ္ဌံ - လောကတွင် အမြတ်ဆုံးအကြီးမားဆုံးတည်း..
မင်းဘိသိက်ခံ - အောင်သူတကာတို့၏ ထိပ် ဘိသိက်ခံခြင်းတည်း။
လောကံ -လောကသုံးပါး ရှိရှိသမျှဝေနေယျ အစားစားများကိုလည်း၊
ဧဒိသော -ကိုယ်တော်နှင့်မခြား အလားတူစွာ၊
ဝေဒိတော -ကံကျိုး ၊ ဈာန်ကျိုး ၊ ဥာဏ်အကျိုးနှင့် တန်ခိုးတေဇ ကျိုးဖလကို မျှတ, တစေ ခံစားစေတော်မူပါ၏ ။
သော -ထိုဘုရားမြတ်သည်၊
မံ -လောကဘုံရိပ် ဦးကင်းထိပ်ဝယ် ဘိသိက်ခံလိုစံစားလိုသော အကျွန်ုပ်ကို(၀ါ)လောက ထိပ်တင် ဦးထိပ်ပြင် ၌ ဘုရင်ဖြစ်လို မင်းဖြစ်လိုငြား အကျွန်ုပ်အား၊
မင်းဘိသိက်ခံ - ရေစင်သွန်းဖိတ် မှတ်တံဆိပ်ဖြင့် ခတ်နှိပ် ဖွဲ့မှန် မင်းဘိသိက်ခံ အဖြစ်သို့ (၀ါ) မှန်းရာကိစ္စ ဒိဋ္ဌအောင်မြင် အောင်ပွဲဆင်အဖြစ်သို့၊
ဓာရေတု - တန်ခိုးတော်ဟုန် ဘုန်းတော်စုံဖြင့် လွှမ်းခြုံကူထောက် ချီးမြှောက်ပေးသနားတော်မူပါ ဘုရား...။
(မဟာမြိုင်ဆရာတော်)

ကဲကဲ အပျင်းပြေ ဂိမ်းကစားလိုက်ဦး






Message:

Difficulty:


ပြောချင်တာသာ ပြောခဲ့ကြပါ